တစ်ခါတုန်းက တက္ကသိုလ်မှာ
အပိုင်း ၁ နတ်သား ညတုန်းက ရဲနောင်တစ်ယောက် ဘယ်လိုလို အဆောင်ပြန်ရောက်သည်ကိုပင် မမှတ်မိတော့ချေ။ နောက်ဆုံးမှတ်မိသည်က အကို၀မ်းကွဲဖြစ်သူ ဇော်ဇော်က သူ့ကို ထမ်းကာ ကားထဲထည့်လိုက်သည်ကိုသာ။ ဒီလိုမျိုးသာ တက္ကသိုလ်ရောက်ရောက်ချင်း နေ့တိုင်းသောက်နေရရင်တော့ မလွယ်။ “ကျွတ်..ခေါင်း ကိုက်လိုက်တာကွာ…“ ရဲနောင်သည် ယိမ်းထိုးယိမ်းထိုးနှင့်ပင် အခန်းထဲက သွားပွတ်တံနှင့် တပတ်ကို ဆွဲကာ ထွက်လာခဲ့သည်။ အဆောင်ထောင့်၏ လှေကားကို သွားကာ လက်တန်းကို သေချာကိုင်၍ အောက်ကိုဆင်းသည်။ သေချာမကိုင်လို့ မဖြစ်။ တော်ကြာနေ..သူနေရာ ငါးထပ်ကနေ အောက်ကို ပြုတ်ကျလျှင် တခါတည်း ကိစ္စချောသွားနိုင်သည်။ သူ့ခဗျာ ယိုင်တိယိုင်တိုင်နှင့်ပင် ရေချိုးဆောင်နားသို့ ရောက်သွားသည်။ မနက်စောသေးလို့လား မသိ။ ရေချိုးဆောင်တွင် လူရှင်းနေသည်။ ရဲနောင်သည် ခပ်တည်တည်ပင် ၀တ်ထားသော ဂျင်းဘောင်းဘီကို ဆွဲချွတ်လိုက်သည်။ ဘယ်သူမှ မရှိသည့်မို့ စည်ပိုင်းတွေ ချထားရာထောင့်ကို ချိန်ကာ တစ်ညလုံး အောင်းထားသမျှ ကော့ပန်းလိုက်သည်။ အံမယ်..အငွေ့လေးများပင် ထောင်းခနဲ ထသွားသည်။ ကိစ္စ ပြီးသွားလျှင်တော့ ကိုယ်ကို နှစ်ချက်သုံးချက်လောက် ကော့လိုက်သည်။ လက်ဖြင့်...