သစ်တော (၂)
မြင့်မိုလ်ခင်ရဲ့အသုဘ ရက်မလည်မခြင်း တည်ငြိမ်လည်းမအား။ ဝမ်းနည်းပူဆွေးစိတ်ဖြင့်ပင် မြင့်မိုလ်အိမ်ပြေးလိုက် အပြင်မှာပတ်ပြီး စီစဉ်စရာရှိတာတွေ စီစဉ်လိုက်နှင့် ရက်လည်ကိစ္စအတွက် အလုပ်တွေရှုပ်နေလေတော့သည်။ သက်ထားဖြူ ကတော့ တည်ငြိမ် စိတ်မကောင်းဖြစ်ပြီး အလုပ်ရှုပ်နေကြောင်းသိသည်ထင့်။ ခုရက်ပိုင်းခဏခဏ ပေါ်မလာဘဲ တစ်ညသာ စိတ်မကောင်းကြောင်းလာပြောသွားလေ၏။ မြင့်မိုလ်ခင်ရဲ ့ကိုယ်ရောင်ကို ကြည့်ပြီး အသက်အန္တရယ်ရှိကြောင်း ကြို ပြောနိုင်သော်လည်း လူသတ်သမားမည်သူမည်ဝါဖြစ်သည်ကိုတော့ သူမလည်း မသိကြောင်း . . သို့သော် လူသတ်သမားကို မြင်လျှ င်တော့ ၎င်းရဲ ့ကိုယ်ရောင်ကိုကြည့်ကာ ဤသူသည်လူသတ်သမားဖြစ်သည်ဟု ဖော်ထုတ်ပေးနိုင်ကြောင်း ကိုပါ တောင်းတောင်းပန်ပန်ဖြင့်ပြောပြသွားသေးသည်။ ရည်လည်ဆွမ်းသွပ်ပြီးနောက် ဦးဘောဂအောင်နှင့် ဒေါ်ရွှေမိတို့လည်း ဆွေမျ ို းမျ ားရှင့်အတူ နယ်သို့ပြန်သွားကြကုန်၏။ သားဖြစ်သူ အောင်ပြည့်ကိုလည်း တစ်ယောက်တည်း ဝမ်းနည်းစိတ်လေနေမည်စိုးသဖြင့် ကျေ ာင်းခွင့်ရက်ရှည်တင်ကာ ၎င်းတို့နှင့်အတူ ဇာတိတွင် ခေတ္တပြန်လည်နေထိုင်ရန် တပါတည်းပြန်ခေါ်သွားလေတော့သည်။ အိမ်ကိုတော့ တံခါးပိတ်ကာ သော့ကို တည်ငြိမ်...