Mango
သရက်သီးစိမ်း ပေါ်ကာစ
သရက်သီးစိမ်းကို အမျိုးမျိုး လုပ်စားဖြစ်ပါတယ် အဲဒီအထဲကမှ တနှစ်ပါတ်လုံး
အထားခံပြီး သုပ်စားလို့ ရသလို တို့စရာလဲ လုပ်နိုင်မဲ့ သရက်သီးစိမ်း ဆားရည်စိမ်
အလုံးလိုက် အချဉ်တည်နည်းလေးကို မျှပေးဝလိုက်ပါတယ်ရှင်။
ပါင်ပစ္စည်းများ
1.
သရက်သီးစိမ်း - ပုလင်းဆန့်သလောက်
2.
ရေ - ပုလင်း တစ်ဝက်ခန့်
3.
ဆားကြမ်း - ထည့်ထားသောရေ ငံမြနေအောင် ထည့်ပါ
4.
ဖန်ပုလင်း - သန့်သန့် တစ်ပုလင်း
ပြင်ဆင်ပုံ
·
သရက်သီးစိမ်းကို အစေးများ စင်အောင်ဆေးပြီး ဇလုံတလုံးထဲမှာ
ရေမြုပ်အောင်ထည့်ကာ ၂ရက်လောက် စိမ်ထားပါ
·
၂ရက်ပြည့်တာနဲ့ ဖန်ပုလင်း သန့်သန့်ထဲမှာ ရေတစ်ဝက်လောက်
ထည့်ပေးပါ
·
ရေထဲကို ဆားထည့်ပြီး တော်တော်လေး ငံတဲ့ထိ ထည့်မွှေပေးပါ
·
ဆားအရည် ငံမငံကို လက်နဲ့တို့ပြီး မြည်းကြည့်ပါ
·
ဆားဖျော်ပြီးတာနဲ့ သရက်သီးကို ဆားရည်ထဲ ဆန့်သလောက် ထိုးသိပ်ထည့်ပါ
·
ဖန်ပုလင်းထဲမှာ ပြည့်ပြီးကြပ်ညပ်နေအောင် ထည့်ပေးပြီး အဖုံးကို
လုံနေအောင် ဖုံးပေးပါ
·
ဆားရည်များ အဖုံးမှ လျှံပြီး စိမ့်ထွက်တတ်တဲ့အတွက် ပုလင်းအောက်မှ
ဇလုံတလုံး ခံထားပေးပါ
·
ဆားရည်စိမ်ပြီး နောက်တစ်ရက်နေရင် ပုလင်းကို ဖွင့်ကြည့်ပြီး
ထည့်ထားသော သရက်သီးများကို ဖိကြည့်ပါ
·
ပုလင်းထဲမှာ ချောင်နေတာကို တွေ့ရပါမယ် ပုလင်းချောင်နေရင်
ဆားရည်စိမ်ထားသော သရက်သီးများ မာမနေဘဲ ပျော့သွားတတ်တဲ့အတွက် သရက်သီးများ
မပျော့စေရန် ပုလင်းဆန့်သလောက် သရက်သီးကို ထပ်ပြီး ဖိသိပ်ကာ ထည့်ပေးပါ
·
တတိရမြောက်နေ့မှာလဲ ထိုကဲ့သို့ ရသလောက် ထပ်ဖိပြီး ထည့်ပေးပါ
·
သရက်သီးများ အားလုံးကို ဆားရည်မြုပ်နေအောင် ထည့်ပြီး အဖုံးကို
လုံအောင်ဖုံးထားပါ
·
၅ရက်မြောက်နေ့မှာ သရက်သီးဆားစိမ် အရောင်ပြောင်းသွားပြီး
တနှစ်ပါတ်လုံး ထားပြီး စားနိုင်မဲ့ သရက်သီးစိမ်း ဆားရည်စိမ် ရပါပြီ။
Comments
Post a Comment